အာရှနှင့် သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်နည်းပညာဆိုင်ရာအသင်းချုပ် ASOCIO မှ ချီးမြှင့်သည့် Digital Government Award ဆု လက်ခံရယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရှနှင့် သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်နည်းပညာဆိုင်ရာအသင်းချုပ် ASOCIO မှ ချီးမြှင့်သည့် Digital Government Award ဆု လက်ခံရယူ



MNP ၊ နိုဝင်ဘာ ၁

စင်ကာပူနိုင်ငံ Resorts World Sentosa Convention Centre ၌ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပသည့် အာရှနှင့်သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက် နည်းပညာဆိုင်ရာအသင်းချုပ် Asian-Oceanian Computing Industry Organization (ASOCIO) Digital Summit 2022 သို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် Digital Trust Forum ကိုကျင်းပရာ ဒေသတွင်းနှင့် နိုင်ငံတကာမှ IT ပညာရှင်များ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ နည်းပညာအသုံးပြုသည့် ကုမ္ပဏီတို့မှ CEO, CFO နှင့် တာဝန်ရှိသူများက နည်းပညာဆိုင်ရာ ယုံကြည်မှုအပေါ် ခေါင်းစဉ် ၁၄ ခုဖြင့် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ Summit ၏ ညပိုင်း Gala Dinner တွင် ASOCIO Digital Government Award 2022 ကို ပေးအပ်ချီးမြှင့်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသည့် လူမှုရေးသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် Social Management Information System(SMIS) ၏ ကဏ္ဍတစ်ခုဖြစ်သော လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုသတင်းစနစ် (Case Management Information System-CMIS) ကို ကာကွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ ပံ့ပိုးကူညီမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ASOCIO Digital Government Award 2022 ကိုရရှိခဲ့ရာ ဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆုလက်ခံရယူခဲ့ကာ ဆုလက်ခံအပြီးတွင် ASOCIO အသင်းချုပ်၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကျင်းပသည့် ASOCIO Digital Summit တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံက Digital Government Award အပါအဝင် ဆုပေါင်း ၅၄ ခု ပေးအပ်ခဲ့ကြောင်း သိရသည်။


CMIS Software Platform သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အတွင်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ ဥပဒေနှင့် ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းခံရသူ ကလေးသူငယ်များ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးခံရသူ ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ ဖြစ်ရပ်များအား လူမှုရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိပြီး အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖြစ်ရပ်စီမံခန့်ခွဲသူများ စနစ်တကျသုံးစွဲနိုင်ရန် ရေးဆွဲထားသော Digital Platform ဖြစ်၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ပါ လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ပြီးဖြစ်ရပ်များ လွှဲပြောင်းချိတ်ဆက်နိုင်ခြင်း၊ ဖြစ်ရပ်အလိုက် မှတ်တမ်း တင်နိုင်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)