အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှု မရှိစေရန် ကြို တင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိ ပညာပေးခြင်း Mask Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှု မရှိစေရန် ကြို တင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိ ပညာပေးခြင်း Mask Campaign ဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှု မရှိစေရန် ကြို တင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိ ပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီ အချိန်တွင် အမ်းတပ် နယ်ဈေးရှေ့ လမ်းမ၌ ပြုလုပ်ခဲ့သည်။


ကိုဗစ်-၁၉အသိပညာ ပေးဆောင်ရွက်ရာ တွင်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိ သည့် အခြေခံစား သောက်ကုန်နှင့် ဟင်း သီးဟင်းရွက်များလာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာ လှုပ်ရှားနေကြသည့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉မျိုးရိုး ဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ်BA-5 ကူး စက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေ အိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာ ခေါင်းစည်း Mask  စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကကွယ် ဆေး  အကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်း စည်း Mask (၁၀၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)