အမ်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5 ရောဂါပိုး ကာကွယ်နှိမ်နင်းရေး အသိပညာပေး နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5 ရောဂါပိုး ကာကွယ်နှိမ်နင်းရေး အသိပညာပေး နှိုးဆော်


MNP ၊ နိဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကိုဗစ်- ၁၉ မျိုး ရိုးဗီစပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5  ရောဂါပိုးများပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ရေးထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ပေးခြင်းကို ယမန် နေ့ ညနေ၄ နာရီအချိန် ရပ်ကွက်များရှိ အသွား အ လာများရာ လမ်းဆုံလမ်းခွများသို့လှည့်လည်၍ အသိပညာပေး နှိုး ဆော်ပေးခဲ့သည်။ 

အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉မျိုးရိုး ဗီဇပြောင်း အိုမီခရွှန်မျိုး စိတ်သစ် BA-5 အမျိုးအ စား သည်ရန်ကုန်မြို့အပါ အဝင် အခြားမြို့ကြီးများ၌ ၎င်းရခိုင်ပြည်နယ်တွင်းသို့ပါ ကူးစက်လူနာများတွေ့ရှိလာပြီဖြစ်ကြောင်းကျန်မာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားချက်အရသိရသည်။ သို့ဖြစ်ရာ ရောဂါကူးစက်မှုများ ထပ်မံဖြစ်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အမ်းမြို့နယ်အတွင်းရှိမိဘ ပြည်သူများအနေဖြင့် မလိုအပ်ဘဲအိမ်အပြင်သို့ထွက်ခွာခြင်းမပြုဘဲ မိမိနေအိမ်၌သာနေထိုင်ကြရန်၊ အပြင်သို့ထွက်ခွာတိုင်း ပါးစပ်နှာ ခေါင်းစည်း Mask စနစ်တကျတပ်ဆင်ပြီးမှ သွား လာကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုစနစ် တကျဆပ်ပြာဖြင့်ဆေး ကြောကြရန်၊ ကိုဗစ်-၁၉ ရေဂါကူးစက်ခံရသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်ရာ ကျန်း မာရေး ဆေးခန်း၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများသို့ အချိန်မီဆက်သွယ်ပြီး စနစ်တကျကုသမှုခံယူကြရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းမပြုရသေးသည့် ပြည်သူ များအနေဖြင့် ဗုဒ္ဓဟူး ၊သောကြာနေ့ တိုင်း နီးစပ်ရာဆေးရုံ၊ ကျန်း မာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်  လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)