ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP - နိုဝင်ဘာ  ၂


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က မြို့နယ်အနေဖြင့် ယခင်က ဗေဒါစစ်ဆေးရေး ဂိတ်အစား ဒေါင့်ချောင်းကျေးရွာ အနီးတွင် စစ်ဆေးရေး ဂိတ်တစ်ခုကို ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် နိုဝင်ဘာလ(၁)ရက်နေ့တွင်  သက်ဆိုင်ရာ ဌာနဆိုင်ရာများ စုပေါင်းပြီး ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှု ကော်မတီအနေဖြင့် ကြီးကြပ်ဆောင်ရွက်ရမည့်  အပိုင်းများရှိရာ ရခိုင်ပြည်နယ်အတွက် ရရှိထားသည့် ရန်ပုံငွေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျေးရွာများ ရွေးချယ်ထားပြီး ကျေးရွာအဆင့် စီမံကိန်း ကော်မတီဝင်များ ဖွဲ့စည်းသွားရေးနှင့် ဆက်စပ်ဌာနများအနေဖြင့် မိမိတို့မိခင်ဌာန၏ ညွန်ကြားချက်များရှိပါက  ပြန်လည်တင်ပြကြစေလိုပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ငွေလုံးငွေရင်း ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် QCအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအပေါ် ဌာနများအနေဖြင့်  လိုက်နာဆောင်ရွက်ရမည့် အချက်များကို သေသေချာချာ ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊  ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့် လူဦးရေစာရင်းများအား စစ်ဆေးလျက်ရှိရာ အမှန်တယ် မဲပေးပိုင်ခွင့်ရှိသည့် စာရင်းထဲတွင် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူများ ပါဝင်လာစေရေးအတွက် စာရင်းများကို သက်ဆိုင်ရာ ဌာနများသို့ အချိန်မီ ပေးပို့ဆောင်ရွက်သွားကြစေလိုကြောင်း၊ Pilot Project အနေဖြင့် မြို့မရပ်ကွက်က ထပ်တိုးကာလဖြင့် ဆောင်ရွက်လျက် ရှိနေပြီး နိုဝင်ဘာလ(၈)ရက်နေတွင် ကျိန္တလီ မြို့ပေါ်(၃)ရပ်ကွက်တွင် ဆောင်ရွက်သွားရန် ရှိကြောင်း၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများကျန်ရှိမှု မရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု တတိယအကြိမ် (၆)လပြည့် ပြီးသူများသည် စတုတ္ထ အကြိမ်မြောက် ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက်ထိုးနှံ ဆောင်ရွက်ကြနိုင်စေရေးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ  ပြည်သူများ ကျန်ရှိမှု မရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အလေးထား ဆောင်ရွက်ကြစေရေး၊ လူမှုရေး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေသစ်အား သိရှိဆောင်ရွက်နိုင်ကြစေရေးနှင့် ပွဲလမ်းသဘင်များအတွက် ခွင့်ပြုမိန့်ကို ယခင်က နှစ်ပတ်ကြိုတင်တင်ပြရာမှ ယခုအခါ သုံးပတ် ကြိုတင်တင်ပြကြစေလိုကြောင်းတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)