ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်း စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်း စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး




MNP - နိုဝင်ဘာ  ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန် မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီက အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းရာတွင် ကျောင်းသား/ကျောင်းသူများ စာပေချစ်မြတ်နိုးသည့် စိတ်များ ကိန်းအောင်းလာပြီး ဗဟုသုတ တိုးပွားစေကာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် မိုဘိုင်းနယ်လှည့်စနစ်ဖြင့် အခမဲ့ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပြောပြသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)