ဂွမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် စတင်ထိုးနှံ‌ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် စတင်ထိုးနှံ‌ပေးလျက်ရှိ






MNP ၊ နိုဝင်ဘာလ ၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancophram) စတုတ္ထအကြိမ် ထိုးနှံပေးခြင်းနှင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံမည့် သူများကိုလည်း ကိုဗစ်ဆေးထိုးနှံ ပေးခြင်းများကို ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ ( ဂွမြို့)၊ကျိန္တလီ(တိုက်နယ်ဆေးရုံဝင်း) ဆပ်သွားကျေးလက် ကျန်းမာရေးဌာနနှင့် ကုလားပြင် ကျေးလက် ကျန်းမာရေးဌာန စုရပ်များတွင် ယနေ့နံနက်ပိုင်းမှ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုဝင်ဘာလ(၈)ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ(၁၁)ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီး(၆)လပြည့်သည့်  ဌာနဆိုင်ရာဝန်ထမ်းများအားစတုတ္ထ အကြိမ်အဖြစ် လည်းကောင်း၊ ကိုဗစ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလည်းကောင်း ကိုဗစ်ကာကွယ်ဆေးများ  ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)