မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်




MNP ၊  နိုဝင်ဘာ  ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊ တပ်ရင်းတပ်ဖွဲ့များ နှင့် ပြည်သူများက ကိုယ်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းတွင် နှင့် မြို့မနာရီစင်ခွဆုံမှ တဆင့် မဟာဗန္ဓုလ လမ်း တစ်လျှောက် ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်း သန့် ရှင်းရေး ပြုလုပ် ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊  ၊ မီးသတ် တပ် ဖွဲ့ ဝင် များ ၊ ပြည်သူ များ  စုစုပေါင်း အင် အား  ၁၀၀ ခန့်က စုပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ကိုယ်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း အတွင်း၊အပြင် ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ အား သန့် ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး အမှိုက် သရိုက် များ ကို ကောက်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး မြို့မနာရီစင်ခွဆုံမှ တဆင့် မဟာဗန္ဓုလ လမ်း တစ်လျှောက်တွင်လည်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ပြည်သူ များ နှင့် တာဝန်ရှိ သူ များက ပလက်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  


အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)