နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးထုတ်လုပ်နည်း နည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးထုတ်လုပ်နည်း နည်းပညာသင်တန်းဖွင့်လှစ်

 


MNP - နိုဝင်ဘာ  ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အောင်သာယာရပ်၊ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေးဉီးစီးဌာန၊ ခရိုင်/မြို့နယ်ဉီးစီးမှူးရုံးမှ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့်နေကြာစိုက်ပျိုးထုတ်လုပ်နည်း နည်းပညာသင်တန်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးသက်ဉီးဆွေက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးနိုင်မော်လွင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်စုစုခိုင်မှ ရေဆင်းစပ်မျိုး-၁ နေကြာသီးနှံ၏ အရည်အချင်းလက္ခဏာများ၊ တစ်ဧကအသုံးပြုရမည့် မျိုးစေ့နှုန်းထားများနှင့် စိုက်ပျိုးနည်းကိုဆွေးနွေးပို့ချခဲ့သည်။


ဆက်လက်၍ သင်တန်းသို့တက်ရောက်လာသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများမှ နေကြာမျိုးစေ့များ၊ သင်ထောက်ကူပစ္စည်းများနှင့် စိုက်ပျိုးနည်းပညာပေးလက်ကမ်းစာစောင်များ အား တောင်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ အသီးသီးလက်ခံရယူခဲ့ကြသည်။


ထို့နောက် စိုက်ပျိုးရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးမှ ဒု-လ/ထ ဉီးစီးမှူး ဒေါ်ရီရီမြင့်က နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ ပို့ချခဲ့ပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဉီးမင်းမင်းဇော်မှ နေကြာသီးနှံတွင်ကျရောက်တတ်သည့် ပိုးမွှားရောဂါနှိမ်နင်းနည်း နည်းပညာများ ရှင်းလင်းပို့ချခဲ့ရာ အဆိုပါသင်တန်းသို့ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ အုပ်ချုပ်စီမံအဖွဲ့ဝင် များ၊ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)