ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် တတိယနေ့တွင် အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် တတိယနေ့တွင် အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင်စည်ကား








MNP ၊ နိုဝင်ဘာ   ၈

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် နိုဝင်ဘာလ(၅)ရက်နေ့မှ နိုဝင်ဘာလ (၇)ရက် နေ့အထိ ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နေ့စဉ်နံနက်(၈)နာရီမှ ည(၁၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အဆိုပါပွဲတော်တတိယနေ့ဖြစ်သည့် ယမန်နေ့ ညနေပိုင်းအချိန်ကလည်း အပန်းဖြေလာရောက်ကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်သို့ အပန်းဖြေလာရောက်ကြသူများ  မျက်စိပဿဒဖြစ်စေရန်နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ရောင်စုံအလှဆင်မီး များစွာဖြင့် ဆင်ယင်ပြသ ထားပြီး စိတ်အပန်းပြေစေရန်အတွက်လည်း တေးဂီတဖျော်ဖြေပွဲကို စီစဉ်ပေးထားပြီး အနုပညာရှင်ပေါင်းများစွာက လာရောက်ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

“သမီးတို့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က လာရောက်တာပါ။ တီဗွီကနေ ဒီပွဲတော်ကျင်းပနေတာ ကိုမြင်ပြီး အလုပ်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်ဖြစ်တာပါ။ ဒီမှာက ရောင်စုံမီးတွေနဲ့လည်း အလှဓာတ်ပုံလည်း ရိုက်လို့ရတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုလည်း မီးပုံးပျံ လွှင့်တင်ပြီး ဆီမီးပူဇော်ခွင့်ရတယ်။ နောက်ပြီး မီးရှူးမီးပန်းတွေပစ်ဖောက်တာကိုလည်း အနီးကပ်မြင်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ် ” ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

အဆိုပါ ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန(MSME)၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် ဒေသ ရိုးရာအစားအစာများ စသည်ဖြင့် ဆိုင်ခန်းပေါင်း(၁၉၀) ခန့် ဖွင့်လှစ်ရောင်းချခဲ့ပြီး ပွဲတော်တတိယနေ့တွင် အပန်းဖြေ လာရောက်ကြသူများ ယခင်နေ့များထက် များပြားခဲ့ပြီး အထူးပင် စည်ကားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)