ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်လုပ်ငန်းများ ဆောင်ရွက်




MNP - နိုဝင်ဘာ   ၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်လုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်(ဦးစီးအရာရှိ)၏ ကြီးကြပ်မှုဖြင့် ၎င်း၏ဝန်ထမ်းများမှ ယမန်နေ့နံနက်(၁၁)နာရီအချိန်က လွပ်လပ်ရေးကျောက်တိုင်အနီးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ယင်းသို့ဆောင်ရွက်ရာတွင် ဒေသခံရပ်မိရပ်ဖများနှင့် ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြန်မာ-ကိုးကန့်နှစ်ဘာသာဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Hand Speaker များဖြင့် လှည့်လှည်၍အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါလက်ကမ်းစာစောင်ထဲတွင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုထက်ပို၌ လက်ဝယ်ကိုင်ဆောင်ထားခြင်းမပြုရန်၊ ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် အမြန်သွားရောက်အပ်နှံရန်နှင့် (၁-၁၁-၂၀၂၂)ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာအတည်ပြု၍ ယခင်ကတ်များကို ပယ်ဖျက် စာရင်းသွင်းသွားမည်ဖြစ်ကြောင်း၊ ပုံစံ ၆၆/၆ အိမ်ထောင်စုတစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းရန်နှင့်(၁-၁၁-၂၀၂၂)ရက်နေ့အထိ ပုံစံ ၆၆/၆ အိမ်ထောင်စုအပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ ၆၆/၆ အိမ်ထောင်စုကိုသာအတည်ပြု၍ ယခင်ပုံစံ ၆၆/၆ အိမ်ထောင်စုများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographi Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ(၅၂)သန်းကျော် အားစာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများ အား နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်နေ့အထိဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ် ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်းစသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် ပိုမိုသိရှိလာရောက်ဆောင်ရွက်နိုင်ရေးအတွက် (၁၅-၁၁-၂၀၂၂) ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင်ရန် ထပ်မံအသိပေးကြေငြာကြောင်း စသည့်အချက်များပါဝင်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)