စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့နယ်၊ လောင်ပကျေးရွာရှိ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့နယ်၊ လောင်ပကျေးရွာရှိ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 




MNP - နိုဝင်ဘာ   ၃


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ နိုဝင်ဘာလ ၁ ရက် နေ့၊ နံနက်ပိုင်းတွင် ခန္တီးမြို့နယ်၊ လောင်ပကျေးရွာ ခန်းမတွင်ကျင်းပသော အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ လောင်ပကျေးရွာရှိ အိမ်ထောင်စုများ အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ဒေသခံတောင်သူများ စိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုန်းမြင့်လယ်ယာမြေ ဧက ၂၀၀ ဖော်ထုတ်ပေးမည့် အစီအစဉ်တို့အား ရှင်းလင်း ပြောကြားပြီး ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လောင်ပ ကျေးရွာရှိ အိမ်ထောင်စုများ အား အခြေခံစားသောက်ကုန်များအား တာဝန်ရှိသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။


ယင်းနောက် ကျေးရွာသူ/သားများကိုယ်စား ဦးမြတ်ကိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လောင်ပကျေး ရွာရှိ ကလေးငယ်များနှင့် ဒေသခံတိုင်းရင်းသားများအား စားသောက်ဖွယ်ရာများဝေငှပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြိးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဒေသခံတိုင်းရင်းသားအား ပိုးသတ်ဆေးနှင့် ပျိုးပင်များထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လောင်ပ ကျေးရွာ သာသနာ့ဟိတသုခဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ဆရာတော်ထံ လှူဖွယ် ပစ္စည်းများနှင့် ကံ့ကော်ဘုရားဆင်းတုများတည်ထားကိုးကွယ်ရန် ဝတ္ထုငွေကျပ် ၁၂ သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကုန်းမြင့် လယ်ယာမြေ ဧက ၂၀၀ ဖော်ထုတ်မည့်မြေနေရာအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆင်သေ-လက်ဖက် ခင်း-ကချင်-ကင်းတော် ကျေးရွာချင်းဆက်လမ်း ၁၂ ပေအကျယ်၊ ၇ လက်မ ထု၊ အရှည် ၇ ဖာလုံရှိ ကွန်ကရစ်လမ်းသစ်ခင်းခြင်း လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နိယာက ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးခရိုင်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည့် ခန္တီး-ဖားလမုန်း-တာမခံ-ညောင်ပင်ကား လမ်းပေါ်ရှိ အရှည် ၂၀ ပေ၊ အကျယ် ၂၄ ပေ၊ သံကူကွန်ကရစ်တံတား ၃ စင်းနှင့် ၅ ပေအရှည်၊ ၅ ပေအမြင့်၊ ၂၄ ပေ အကျယ် သံကူကွန်ကရစ် Box culvert ၁၀ စင်းဆောင်ရွက်မည့် လုပ်ခန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိ ရာ တိုင်းဒေသကြီးလမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းက လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစွာ ကောင်းမွန်စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီ ပြီးစီးရေးတို့အား တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့ရေပေး ဝေရေးစက်ရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူ များက ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းပြသကြပြီး ထပ်မံတင်ဆင်ပြီးစီးသည့် လျှပ်စစ်ဓာတ်အား ၁၄၄၀၀ ဝပ် ထွက်ရှိသည့် ဆိုလာနှင့် ရေဂါလံ ၅၀၀၀၀ ဆံ့ရေစုကန်၊ ရေဂါလံ ၁၅၀၀၀၀ ဆံ့ ရေလှောင်ကန်တို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။


ယင်းနောက် ခန္တီးအကျဉ်းဦးစီးဌာနသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးအားပေး နှုတ်ဆက်စကားပြောကြားပြီး အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များ အတွက်ငွေကျပ် ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)