လွိုင်လင်မြို့နယ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်

 


MNP - နိုဝင်ဘာ  ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို၊ ယမန်နေ့ မွန်းလွဲ(၂) နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။


အစီအစဉ်အရ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူကြသည်။ ထို့နောက် မြို့နယ်‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအား အလေးပြုကြသည်။ ဆက်လက်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ပြိုင်ပွဲ ပြုလုပ်ပေးရခြင်းမှာ လွိုင်လင်မြို့နယ်၏ ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေရန် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက်ပြိုင်ပွဲဝင် အားကစားသမားများက သစ္စာအဓိန်ဌာန်ရွတ်ဆိုကြပြီး အားကားကွင်းအတွင်းမှ ပြန်လည်ထွက်ခွါသွားကြသည်။ ထို့နောက် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက အစိုးရနည်းပညာ အထက်တန်းကျောင်း (ပင်လုံ) ကျောင်းအုပ်ကြီး၊ အ-ထ-က(၁) နှင့်အထက(၂) ကျောင်းအုပ်ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ အထက(၁)မှ ကျောင်းသားများက မြန်မာ့သိုင်းသရုပ်ပြသခြင်း၊ အ-ထ-က(၂) ကျောင်းသူလေး များက Fitness Dance ဖြင့် ကပြ ဖျော်ဖြေကြသည်။ ယင်းနောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပကြောင်း သိရသည်။


အဆိုပါ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲသို့ ရပ်ကွက်ကျေးရွာများမှ ဖူဆယ်ဘောလုံးအသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)