အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊ နိုဝင်ဘာ ၁

အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံ သားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ အောက်တိုဘာလကုန်ထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေ စာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်း စိစစ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် သရက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အောင်လံမြို့နယ် နှင့် ဆင်ပေါင်ဝဲမြို့နယ်များ၏ အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး အောက်တိုဘာလအထိတင်ပြရာ-


(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စိစစ်ချက်အရ


(က) သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှ လျော့သည့်လူဦးရေ ၄၉၆ ဦး                   


(ခ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုးလူဦးရေ ၁၃၄၆ ဦး


(ဂ) အောက်တိုဘာလအတွင်း မြေပြင်လူဦးရေ ၃၆၅၃၇၂ ဦး


(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ


(က) မြေပြင်ထပ်တိုး


- ပုံစံ (၆၆/၆) ရှိသူ ၉၂ ဦး


- ပုံစံ (၆၆/၆) အခြားနှင့် (၆၆/၆)မရှိသူ ၆၉ ဦး


စုစုပေါင်းမြေပြင်ထပ်တိုး ၁၆၁ ဦး


(ခ) မြေပြင်တွင်လျော့သည့်ဦးရေ


- ပုံစံ (၆၆/၆) ရှိသူ ၆၃ ဦး


- ပုံစံ (၆၆/၆) အခြားနှင့် (၆၆/၆) မရှိသူ ၄၄ ဦး


စုစုပေါင်းမြေပြင်လျော့သည့်ဦးရေ ၁၀၇ ဦး


မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၃၇၄ ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။


ယင်းနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြ ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး(တာဝန်ခံ) ဦးအောင်လွင်ဦးနှင့် အဖွဲ့ဝင် ဦးမင်းမင်းဦးတို့က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)