အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး



MNP - နိုဝင်ဘာ  ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက  သက်ဆိုင်ရာဌာနရုံး အသီးသီးတွင် လုံခြုံရေးကို အထူးဂရုစိုက်ကြရန်၊ ကော်မရှင်နှင့် လဝကတို့ ဆောင်ရွက်နေသည့် မဲစာရင်းကိစ္စကို ဌာနဆိုင်ရာများအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်၊ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယခုအပတ်တွင် အထက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ အနေဖြင့် ရုံးဆိုင်းဘုတ်၊ အလံတို့ သစ်လွင်နေစေရန်၊ နွေစပါးစိုက်ဧက (၇၅၀၆၈) စိုက်ပျိုးမည်ဖြစ်ပြီး ဧကပြည့်မှီစေရေးအတွက် ဌာနဆိုင်ရာများကို တာဝန်ပေးအပ်မည်ဖြစ်ကာ ကွင်းဆင်းဆောင်ရွက်ကြရန်၊ စနေနေ့တွင် ဘုရားကြီးကုန်းကျေးရွာ၌ ဧက(၁၀၀) စံပြကွက် ရိတ်သိမ်းပွဲ ဆောင်ရွက်မည်ဖြစ်ရာ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မျိုးက ဌာနဆိုင်ရာရုံများအနေဖြင့် လုံခြုံရေးကိုအရင်က ထက်ပိုမိုဂရုစိုက်ကြရန်စသည့် လုံခြုံရေးဆိုင်ရာကိစ္စများကို ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေး ပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)