ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ ၃၀


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်နေပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက သဘွတ်ကုန်းကျေးရွာအုပ်စု၊ သဘွတ်ကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းမှ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်မှ နိုင်ငံရေးစစ်ကြောင်းများနှင့် ပတ်သက်၍ တပ်မတော်မှ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ ရွေးကောက်ပွဲ ကျင်းပရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးမြင့်ဌေးမှ ခိုးဆိုးလုနှိုက်နှင့် နယ်မြေအေးချမ်းရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ကျေးလက်နေပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း-တံတားများ ကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေ ရရှိရေး အစရှိသည်များကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလူထုတွေ့ဆုံပွဲသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးလက်နေပြည်သူး (၈၀) ဦးတို့ တက်ရောက်ခဲ့ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လအထက်ရှိသူ (၂၀) ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - ရဲမျိုးသက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)