အလုံမြို့နယ်၌ အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက်




MNP - နိုဝင်ဘာ   ၁၁


အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက  အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။


ရှေးဦးစွာ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်ချိုက ကျောင်းသား၊ လူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ အသိပညာဗဟုသုတများရရှိစေရန်၊ အများရှေ့တွင်ရဲဝံ့စွာ ပြောဆိုနိုင်စွမ်းများ တိုးတက်လာစေရန်အတွက်ရည်ရွယ်ကာ ယနေ့ပြိုင်ပွဲနှင့်ပြပွဲများကို ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးမှ မိမိတို့ဖတ်ရှုလေ့လာခဲ့သည့် အမျိုးသားနေ့အကြောင်းအရာများဖြင့် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။


ထို့နောက် တက်ရောက်လာသူများမှ ပြသထားသည့် စာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှုကြောင်းသိရပြီး အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - တင်တင်ချို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)