ဒေသတွင်းငါးစားသုံးမှုဖုံလုံရေးနှင့်ရေ ချိုငါးသားပေါက်များ တိုးပွားစေရေးအတွက် (မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်းသို့ ရေချိုငါးသားပေါက်ကောင်ရေ(လေးသိန်း)စိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတွင်းငါးစားသုံးမှုဖုံလုံရေးနှင့်ရေ ချိုငါးသားပေါက်များ တိုးပွားစေရေးအတွက် (မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်းသို့ ရေချိုငါးသားပေါက်ကောင်ရေ(လေးသိန်း)စိုက်ထည့်





MNP ၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏လမ်းညွန်မှုနှင့်အညီဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှငါးသားပေါက်များစဉ်ဆက်မပြတ်ရေ ရှည်ထိန်းသိမ်းနိုင်စေရေးနှင့်ဝင်ငွေရရှိစေရေးတို့အတွက်မေယုမြစ်ဖျားသဘာဝရေပြင်အတွင်းသို့နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ၂၀၂၂-၂၀၂၃ခုနှစ်မျိုး ပွားရာသီအတွက်ငါးမျိုးစိုက်ထည့်ပွဲကိုယနေ့နံနက် ၉ နာရီခွဲအချိန်ကဘူးသီးတောင်မြို့နယ်မေယုမြစ်ဖျားသဘာဝရေပြင်အတွင်းသို့ငါးမျိုးများစိုက်ထည့်အခမ်းအနားကိုကိုဗစ်- ၁၉ညွန်ကြားချက်နှင့်အညီကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဆန်းဝင်းကငါးမျိုးများစိုက်ထည့်ရခြင်းနှင့်စပ်လျက်၍ရှင်းလင်းပြောကြားပြီးငါးသား ပေါက်များကို( မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကော်မတီ)ထံသို့အသီး သီးပေးအပ်ခဲ့ရာအခမ်းအနားတက်ရောက်လာကြသူများမှလက်ခံရယူခဲ့ကြသည်။


ထို့နောက်အခမ်းအနားတက်ရောက်လာကြသည့်ဘူးသီးတောင်မြို့နယ်တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်၊ အမှတ် ( ၃၇၈)အမြောက်တပ်ရင်းဒုတိယဗိုလ်မှူးကြီးကြည်ခန့်၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကော်မတီများ၊ကြက်ခြေနီတပ် ဖွဲ့ဝင်များကမေယုမြစ်ဖျားသဘာဝရေပြင်အတွင်းသို့ငါးသားပေါက်များကိုတပျော်တပါးစိုက်ထည့်ခဲ့ကြပြီးအမှတ် တရဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။


 ယနေ့ပြုလုပ်သည့်ငါးသားပေါက်လွှတ်ပွဲတွင်ငါးမြစ်ချင်း ၂လက်မအရွယ်အ စား( တစ်သိန်းငါးသောင်း) ကောင်ရေနှင့်ထိုင်းငါးခုံမကြီး၂လက်မအရွယ်အစား ( နှစ်သိန်းငါးသောင်း) ကောင်ရေစုစု ပေါင်းငါးသားပေါက်ကောင်ရေ( လေးသိန်း)ရှိကြောင်းဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဆန်းဝင်းထံမှသိရသည်။


အဆိုပါငါးလွှတ်ပွဲသို့ဘူးသီးတောင်မြို့နယ်တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်၊ အမှတ်( ၃၇၈)အမြောက်တပ်ရင်းဒုတိယဗိုလ်မှူးကြီးကြည်ခန့်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကော်မတီများ၊ကြက် ခြေနီတပ်ဖွဲ့ဝင်များစုစုပေါင်း( ၇၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)