တောင်ကုတ်မြို့၌အခြေခံပြည်သူများအား တန်ဖိုးသင့် စားသောက်ကုန်များဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌အခြေခံပြည်သူများအား တန်ဖိုးသင့် စားသောက်ကုန်များဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ






MNP ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယနေ့ နံနက်(၇)နာရီတွင် တောင်ကုတ်လမ်း -သံတွဲလမ်း (လမ်းခွဆုံ) တွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို တောင်ကုတ်တပ်နယ်မှ ဦးဆောင်၍တပ်ရင်းတပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများမှ ပူးပေါင်းပါဝင် ကာ ဝက်သား ၊ ကြက်သား၊ကြက်ဥ၊အမဲစည်သွပ်ဘူး ၊ ခေါက်ဆွဲ ၊ ကြာဇံ ၊ဘီစကစ်၊ ငံပြာရည် နှင့်ဟင်းသီး၊ဟင်းရွက်များ ကိုရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီး၊ဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဈေးဝယ်သူများနှင့်စည်ကားခဲ့ကာ ဈေးဝယ်လာသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်သွားလာရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)