ဂွမြို့တွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်၊ ယာဉ်နှင့် လူ ဖြတ်သန်းခွင့်အား ည(၁၀)နာရီ နောက်ဆုံးထားသတ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်၊ ယာဉ်နှင့် လူ ဖြတ်သန်းခွင့်အား ည(၁၀)နာရီ နောက်ဆုံးထားသတ်မှတ်




MNP ၊ နိုဝင်ဘာလ  ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ပူးပေါင်း စစ်ဆေးရေးဂိတ် အသစ်တစ်ခုကို နိုဝင်ဘာလ ၁ရက်နေ့တွင်ဒေါင့်ချောင်းကျေးရွာ၌  စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေါင့်ချောင်းပူးပေါင်း စစ်ဆေးရေးဂိတ် အသစ်ကို အောက်တိုဘာလ(၃၁)ရက်နေ့ ညနေပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက သံဃာတော်များအား ပင့်ဖိတ်၍ ပရိတ်တရားနာယူပြီး ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ဆက်စပ်ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ  တာဝန်ထမ်းဆောင်လျက်ရှိပြီး ည(၁၀:၀၀)နာရီတွင်ယာဉ်အားလုံးနှင့် လူဖြတ်သန်း သွားလာအား ပိတ်ထားမည် ဖြစ်ကြောင်းနှင့် နောက်တစ်နေ့ နံနက်၀၅:၀၀နာရီ အချိန် ရောက်မှသာ ဖြတ်သန်း သွားလာခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)