ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အင်းလေးဒေသထွက်ကုန်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အင်းလေးဒေသထွက်ကုန်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု



MNP - နိုဝင်ဘာ   ၁၅


MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နိုင်ရန်နေသည့်အချိန်တွင်   ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဒေသထွက်ကုန်များ ထုတ်လုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိများသည် အင်းပေါခုန်ကျေးရွာရှိ ခေတ်ဆန်းယဉ်  ကြာ၊ ပိုးနှင့် ချည်ယက္ကန်းရုံတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။


အဆိုပါ ယက္ကန်းရုံတွင် ကြာပင်မှကြာမျှင်ယူ၍ဆောင်ရွက်နေမှု၊ အင်းလေးဒေသထွက် ဇင်းမယ် ယက်လုပ်ရန် ဆောင်ရွက်နေမှု၊ ချည်ယက္ကန်း ဆောင်ရွက်နေမှုကိုလေ့လာကြည့်ရှုကြကြောင်းနှင့် ခေတ်ဆန်းယဉ် ကြာပိုးချည်ယက္ကန်းရုံတွင် ယက္ကန်းစင်(၅၀)ခန့်ရှိပြီး အလုပ် သမားအင်အား (၂၀၀)ခန့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာသော အထည်များကိုရောင်းချ၍ အော်ဒါမှာယူသူများရှိပါက ပို့ဆောင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဆည်ခေါင်းကျေးရွာတွင် ဒေသထွက် ပန်းဘဲလုပ်ငန်းအား သွားရောက် ကြည့်ရှုကြရာ ဒေသခံတိုင်းရင်းသားတစ်ဦးမှ ရှင်းလင်းပြီး ဆည်ခေါင်းဒေသထွက် ပန်းဘဲလုပ်ငန်းတွင် စားအုန်းဆီ ဘီဘာမှ ပန်းဘဲလက်မှုအနုပညာဖြင့် ရေနွေးခရာအိုးများ ထုတ်လျက်ရှိပြီး လယ်ယာသုံးပစ္စည်းများ ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများ ထုတ်လပ်ရောင်းချလျက်ရှိသည့်ကို တွေ့ရသည်။


ထို့နောက် နန်းပန်မြို့ရပ်ကွက်(၂) ရေလယ်ကျေးရွာတွင် အင်းလေးဒေသတွင် အများဆုံးအသုံးပြုလျက်ရှိသော မော်တော်စက်လှေ၊ လူစီးကျွန်းလှေများ၊ ပရိဘောဂပစ္စည်းများထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး အင်းလေးကန် သာယာလှပရေးအတွက် ငါးဖယ်ချောင်းရေလမ်းကြောင်းတွင် ဆည်မြောင်းဦးစီးဌာနမှ သောင် တူးစက်ဖြင့်  သဲနှုန်းများ ထုတ်ယူနေမှု ဗေဒါ၊ ဒိုက် အမှိုက်သရိုက်များ ဆည်ယူနေမှုကိုကြည့်ရှုကာ ဟဲယာရွာမ ရှိ စိန်သမာဓိ ငွေပန်းထိမ်လုပ်ငန်းအား သွားရောက်ကြည့်ရှုရာ စိန်သမာဓိပိုင်ရှင်ဦးစံလင်းမှ ရှင်းလင်းကြောင်း သိရသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ညောင်ရွှေမြို့နယ် ငါးဖယ်ချောင်းကျေးရွာအုပ်စု၊ ငါးဖယ်ချောင်း ကျေးရွာတွင် အင်းလေးကန် သာယာသန့်ရှင်းရေးနှင့် အင်းလေးကန်ရေများ ညစ်ညမ်းမှုမရှိစေရန် အင်းပါဝါ ဗေဒါသဘာဝ မြေသြဇာထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းသည်။


ယင်းနောက် အင်းလေးဒေသထွက် နန်းထူမုန့်ကျွတ်အိမ်တွင်းမှုလုပ်ငန်း ထုတ်လုပ်နေသော မြေနီကုန်းကျေးရွာနေ ဦးလှထွန်း ရွှေစံအိမ်တံဆိပ်ဖြင့် ထုတ်လုပ်လျက်ရှိသော မုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။


အဆိုပါ မြေနီကုန်းကျေးရွာမှ အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် နန်းထူမုန့်ကျွတ်ထုတ်လုပ်နေမှုတွင် ဒေသထွက် တောင်ယာဆန်၊ ငစိန်ဆန်များဖြင့် တစ်ရက်လျှင်ပြည်(၂၀) ဝင်အိတ် နှစ်အိတ် ထုတ်လုပ်လျက်ရှိပြီး ထွက်ရှိလာသော မုန့်ကျွတ်များကို တောင်ကြီး၊ကက္ကူ၊ပင်လောင်း၊ တီကျစ်၊ နောင်တရားသို့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)