ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သုံးမြွှာ ပူးကလေးငယ်များ အောင်မြင်စွာမွေးဖွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သုံးမြွှာ ပူးကလေးငယ်များ အောင်မြင်စွာမွေးဖွား




MNP ၊ နိုဝင်ဘာ ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ ဆေးရုံတွင် နိုဝင်ဘာ ၇  ရက် ညနေ ၃ နာရီ ၄၀ မိနစ်က သုံးမြွှာပူးကလေးငယ်များကိုအောင်မြင်စွာ ဖွားမြင်နိုင်ခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်း ထံမှ သိရသည်။ 

အဆိုပါ သုံးမြွှာပူး ကလေးမိခင်မှာ ဘီးလင်းမြို့နယ်၊ သိမ်ငူကျေးရွာ အုပ်စု၊ သိမ်ငူကျေးရွာမှ အသက်(၂၁) နှစ်အရွယ် သားဦးမိခင် ဒေါ်သက်ချိုမော် ဖြစ်ပြီး ၎င်းကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး  ဒေါက်တာမျိုးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီ ၃၈ မိနစ်က ပထမ ကလေးငယ်ကို လည်းကောင်း၊ ညနေ ၃ နာရီ ၃၉ မိနစ်က ဒုတိယ ကလေးငယ်ကို လည်းကောင်း၊ ညနေ ၃ နာရီ ၄၀  မိနစ်က တတိယ ကလေးငယ်ကို လည်းကောင်း အသီးသီးအောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်း ကလေးငယ်သုံးဦးမှာ ယောကျ်ားလေးများ ဖြစ်ကြောင်း၊ ကလေးများ အားလုံးပေါင်ချိန်ပြည့်မီပြီး မိခင်ပါကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း ဘီးလင်းမြို့နယ် ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်း က ပြောကြားသည်။ 

                                                                        

ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)