သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းဆင်းပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ်(၁၄) စက်မှု လယ်ယာစခန်းက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)မှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ ကိုင်တွယ် အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့်  လယ်ယာသုံး စက်ကိရိယာ အခြေခံ မောင်းနှင် ထိန်းသိမ်းမှု သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးသိပ္ပံ၊ ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲတွင် ခရိုင်စက်မှု လယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသန့်က သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသော အခြေခံ လယ်ယာသုံးစက် ကိရိယာ ထိန်းသိမ်းမောင်းနှင်အသုံးပြု နည်းစနစ်များကို အကျိုးရှိရှိ အသုံးချပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။


ယင်းနောက် သင်တန်းဖွင့်လှစ် သင်ကြားပေးမှုအပေါ် သင်တန်းသားများ ကိုယ်စား၊ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်၊ ခရိုင်စက်မှု လယ်ယာဦးစီးမှူးဦးဝင်းသန့်နှင့် တာဝန်ရှိသူများက သင်တန်းသားများ အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ  လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု သင်တန်းကို အောက်တိုဘာ ၂၄ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ လယ်ယာသုံးစက်ကိရိယာ စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် ပြုပြင်နည်းစနစ်များ ၊ လယ်ယာသုံးစက်ကိရိယာဖြင့် သီးနှံ စိုက်ပျိုးနည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) မှနောက်ဆုံးနှစ် ကျောင်းသား၊ကျောင်းသူ ၈၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။


သတင်း- သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)