တန်ဆောင်မုန်းလပြည့်နေ့တွင် သမိုင်းဝင်ကျိုက်မှော်ဝန်းစေတီတော်မြတ်ကြီး၌ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကုသိုလ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့တွင် သမိုင်းဝင်ကျိုက်မှော်ဝန်းစေတီတော်မြတ်ကြီး၌ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကုသိုလ်ပြု




MNP - နိုဝင်ဘာ   ၇


တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား ရဟန်းဖြစ်ရသည့် အကျိုးတရားများကို ဟောတော်မူသည်။ သာမညဖလသုတ်သည် ရဟန်းပြုခြင်းကြောင့်ရရှိသော အကျိုးများ၊ ရဟန်းတို့၏ အကျင့်သီလ၊ ဈာန်သမာပတ်နှင့် ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပြီး လက္ခဏာရေးသုံးပါးကိုအထင်အရှားပြကာ ရဟန္တာများဖြစ်လာပုံကို ဟောကြားထားသောတရားဖြစ်သည်။ တရားမှာနက်နဲသိမ်မွေ့လှပြီး ဘဝသံသရာ၏ ဒုက္ခဆင်းရဲချုပ်ငြိမ်းနိုင်ပုံကို ကွက်ကွက်ကွင်းကွင်း ဟောကြားထားရာ နာကြားရသူအဖို့ နှလုံးစိတ်ဝမ်း အေးချမ်းပြီး ကုသိုလ်၊ အကုသိုလ်၊ ကောင်းမှု၊ မကောင်းမှု၊ ဆင်းရဲမှု၊ ချမ်းသာမှုတို့ကို ကွဲကွဲပြားပြား သိလာသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။


ယနေ့တန်‌ဆောင်မုန်းလပြည့်‌နေ့တွင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၌ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကြည်ညိုလျက် ကုသိုလ်ကောင်းမှုပြုကြကြောင်း သိရသည်။ ဗုဒ္ဓဘာသာဘုရား စေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမျှော်ခွင့်ဝတ်ပြုခွင့်များကို၊ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ၊ တန်‌ဆောင်မုန်းလပြည့်‌နေ့ ယ‌နေ့နံနက်တွင် သမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ တန်ခိုးကြီး ဘုရားစေတီပုထိုးများ၌ ဘုရားဖူးလာ၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလှရှင်များနှင့် ဘုရားဖူး လာပြည်သူများက ဖူးမျှော်ကြည်ညို ကုသိုလ်ကောင်းမှုပြုသူများနှင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)