စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ဝတ်စုံနှင့်လက်နက်များ တပ်ဆင်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ဝတ်စုံနှင့်လက်နက်များ တပ်ဆင်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်





MNP ၊ နိုဝင်ဘာလ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်/ ခဲယမ်းများ တပ်ဆင်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ၁၄-၁၁-၂၀၂၂ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ အမှာစကားပြောကြားကြပြီး ဝန်ကြီးချုပ်မှ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ကျေးရွာ(၁၅)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးနှင့် ထောက်ပံ့ငွေ (၁၅,၀၀၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ကာ တိုင်းမှူးမှ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ဝတ်စုံနှင့် လက်နက်/ ခဲယမ်းများအား တပ်ဆင်ပြီးနောက် မှော်တော်ကျေးရွာ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအတွက် ဆန် (၃၀)အိတ်၊ ဆီ (၅၀)ပိဿာ၊ ဆား (၈၀)ပိဿာ၊ ပဲ (၁၈၀)ပိဿာ၊ ခေါက်ဆွဲခြောက် (၅၀)ဖာ၊ ငါးခြောက် (၂၀)ပိဿာနှင့် စားသောက်ဖွယ်ရာများအား အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။


ယင်းနောက် မှော်တော်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မှော်တော်ကျေးရွာ ဘုန်တော်ကြီးကျောင်းအတွက် အလှူငွေ (၁၀,၀၀၀,၀၀၀)ကျပ်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ ရွှေဆည်မြိုင် အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကျေးရွာ (၄၃)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးနှင့် ထောက်ပံ့ငွေ (၄၃,၀၀၀,၀၀၀)ကျပ်၊ လက်နက်/ ခဲယမ်းများ၊ ဝတ်စုံများ၊ ဆန် (၅၀)အိတ်၊ ဆီ (၃၀)ဗူး၊ ဆား (၅၀)အိတ်၊ ပဲ (၅၀)အိတ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့သို့ ရောက်ရှိကာ ရွှေဘိုမြို့တပ်နယ်ခန်းမ၌ ရွှေဘိုမြို့ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကျေးရွာ(၁၆)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးနှင့် ထောက်ပံ့ငွေ (၁၆,၀၀၀,၀၀၀)ကျပ်၊ လက်နက်/ ခဲယမ်းများ၊ ဝတ်စုံများ၊ ဆန် (၂၀)အိတ်၊ ဆီ (၁၀)ပုံး၊ ကြက်ဥ (၁၂၀၀)လုံး၊ ခေါက်ဆွဲခြောက် (၁၅)ဖာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)