ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် တန်ဆောင်တိုင် ဆွမ်းဆန်တော် လောင်းလှူပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် တန်ဆောင်တိုင် ဆွမ်းဆန်တော် လောင်းလှူပွဲပြုလုပ်



MNP ၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၏ ရိုးရာအစဉ် အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်တိုင် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ AMAZING HOTEL ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများက ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၀၅ ကျောင်းမှ သံဃာတော် ၂၁၄ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၅ ပါးတို့အား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)