ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲကျင်းပ






MNP ၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲအား ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သက်တော်ကြီးရင့်တော်မူကြသည့် ဆရာတော်ကြီးများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းများ သက်တောင့်သက်သာ သွားလာနိုင်ရေး ရွေ့လျားစက်လှေကား၊ ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သလို မြို့မိ/ မြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူလူထု၏ ပူးပေါင်းဝင်ဆောင်ရွက်မှုများကြောင့် တန်ဆောင် တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းနိုင်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နောင်တွင်လည်း တိုင်းဒေသကြီးအတွင်း ပြည်သူလူထု၏လိုလားချက်၊ လိုအပ်ချက်များကို အစဉ်အလာမပျက် ဆက်လက်ကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ မြို့မိ/မြို့ဖများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ပြည်သူလူထုအားလုံးက မိမိတို့အစိုးရအဖွဲ့နှင့်အတူ လက်တွဲညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြေစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့သူ/မြို့သားများကိုယ်စား ဦးဟိန်းထက်နှင့် ပရဟိတအသင်းများကိုယ်စား ကလျာဏ မိတ္တအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဆွေတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပရဟိတအသင်းများအတွက် အင်္ကျီအထည်(၁၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြည်သူများနှင့်အတူတကွ နေလည်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)