စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်



MNP -  နိုဝင်ဘာ ၉


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ် အေးချမ်း ရေးအတွက် ခရိုင်နှင့် မြို့နယ်များအလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေးနှင့် စည်းရုံးရေးဆိုင်ရာလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေ စိုးမိုးပြီး အခြားလုပ်ငန်းများကိုလည်း အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ ခရိုင်/မြို့နယ်များရှိ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းကာ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လမ်းပန်းဆက်သွယ်မှု လမ်းကြောင်းများ အမြဲလုံခြုံစွာဖြင့် သွားလာနိုင်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများမှ တာဝန်ကျေပွန် လိုစိတ်ဖြင့် စေတနာထားကာ တာဝန်ယူ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ခရိုင်/မြို့နယ်များ အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ၊ MSME လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်မှု များကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များ အနေဖြင့်လည်း မြေပြင်မှာ အမှန်တကယ် ဆောင်ရွက်နေကြရသည့် ဌာနဆိုင်ရာ အသီးသီးရဲ့ လုပ်ငန်းများ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားကြရန်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ အခက်အခဲလိုအပ်ချက်များ ရှိပါကလည်း အချိန်နှင့် တစ်ပြေးညီတင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များ အတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)