ပုဇွန်တောင်မြို့နယ်တွင် အနှေးယာဉ်များ ယဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် အနှေးယာဉ်များ ယဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်




MNP - နိုဝင်ဘာ   ၅


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ အမှတ် ၃၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ အနှေးယာဉ် (လူစီးဆိုက္ကား) (၃၀) စီးနှင့် စက်ဘီး (၂၀) စီး တို့ကို ရောင်ပြန်ပြား အခမဲ့ တပ်ဆင်ပေးခြင်း၊ မော်တော်ယာဉ် မောင်းသူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင် ပေးဝေခြင်း၊ လိုက်နာရမည့် နည်းလမ်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများသိရှိရန် အသိပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)