အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းဆောင်ရွက်

 



MNP - နိုဝင်ဘာ  ၂


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက်မူကြိုကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်ဂျိုက်သိုး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးနေကြောင်း သိရသည်။


သတင်း - ကျော်သူရ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)