လွိုင်လင်မြို့နယ်အတွင်း အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ်အတွင်း အခြေခံပညာဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

 


MNP - နိုဝင်ဘာ  ၉


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ လွိုင်လင်မြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်‌အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉နာရီ ၃၀မိနစ်က တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးကြသည်။


ထိုသို့စစ်ဆေးရာကွင် ခရိုင်ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များသည် ရှေးဦးစွာ လွိုင်လင်မြို့ အထက(၁)ကျောင်းဝင်းအတွင်း Golden Land Empire Co.ltd ကုမ္ပဏီ မှတာဝန်ယူ တည်ဆောက်နေသည့် (အလျား ၁၅၀ ပေ ၊ အနံ ၃၀ ပေ) RCC သုံးထပ်စာသင်ဆောင်သစ် လုပ်ငန်းခွင်သို့လည်းကောင်း၊ ယင်းနောက် လွိုင်လင်မြို့နယ် မူလွန်ကျောင်း(ဟိုခိုက်ကျေးရွာ)၌ တင်ဝင်းနိုင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် (အလျား၆၀ ပေ၊ အနံ ၃၀ပေ)ရှိ တစ်ထပ်စာသင်‌ဆောင်သစ် Steel Structure တည်ဆောက်ရေးလုပ်ငန်းခွင်သို့လည်းကောင်း၊ ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပင်လုံမြို့ အလက(ခွဲ)တွင် တည်ဆောက် နေသည့် ( အလျား ၉၀ ပေ ၊ အနံ ၃၀ ပေ)ရှိ တစ်ထပ်စာသင်ဆောင်သစ် Steel Structure  တည်ဆောက်ရေးလုပ်ငန်းခွင်သို့လည်းကောင်း ၊ ထိုမှတစ်ဆင့် ပင်လုံမြို့၊ ကျူရုံးကျေးရွာ၌ တင်ဝင်နိုင်ကုမ္ပဏီမှ တည်ဆောက်နေသော  (အလျား ၆၀ ပေ ၊ အနံ ၃၀ ပေ)ရှိ Steel Structure  အမကကျောင်းဆောင်သစ် တည်ဆောပ်ရေးငန်းခွင်သို့လည်း‌ကောင်း သွားရောက်ကြည်ရှု့ စစ်ဆေးခဲ့သည်။ ယင်းသို့စစ်ဆေးရာတွင် ခရိုင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တည်ဆောက်ရေး ကုမ္ပဏီ တာဝန်ရှိသူများအား လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်စံချိန်စံညွန်းများနှင့်အညီ တည်ဆောက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။


အဆိုပါ တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးရာသို့ ခရိုင်ကော်မီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းထွဋ်နှင့် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများ လိုက်ပါစစ်‌ဆေးကြရာ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ ၊တာဝန်ခံ အင်ဂျင်နီယာများက ရှင်းလင်းတင်ပြကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)