မြန်အောင်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကျင်းပ



MNP - နိုဝင်ဘာ  ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း (လက်ပန်ရပ်)တွင် ကျင်းပခဲ့သည်။


အဆိုပါ ပြိုင်ပွဲများသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၂) ဦးမောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုး၊ အင်ဂျင်နီယာ မှူးကြီး ဦးရဲစိုး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။


မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ နှင့် အ.လ.က လက်ပန်ရပ်မှ ကျောင်းသား/ကျောင်းသူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ နှင့် ပန်းချီပြိုင်ပွဲများ၌ အခြေခံပညာ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "အမျိုးသားနေ့အောင်ပွဲ တို့ဆင်နွှဲ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပြည်ထောင်စု တည်ဆောက်ကြစို့ "ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် "အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပြည်ထောင်စုတည်ဆောက်ကြစို့"  ခေါင်းစဉ်ဖြင့် မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။    


သတင်း - ဝင်းဗိုလ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)