MNP ၊ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်း ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ ၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းအုပ်ဆရာမကြီး ဒေါ် တင် တင်အေး နှင့် ဆရာ ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ် များ က နမော တဿ သုံး ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး ကိုင်းကြီး ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောင် တည်ကြသည်။
ဆက်လက်၍ ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့် တော် မူကြပြီး ကျောင်းသား၊ကျောင်းသူလေးများက ကထိန်အကြောင်းသိကောင်းစရာများကို ရှစ်လုံးဖွဲ့ကဗျာဖြင့် ရွတ်ဖတ်ခဲ့ကြ သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေး နှင့်ဆရာ ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ ၊ ဧည့်ပရိတ်သတ် များ က ဆရာတော် သံဃာ တော် အရှင် သူမြတ်များအား ကထိန်မ သင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ဝတ္တူ ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလိုတော်ပြည့် ဆရာတော် ဘုရားထံမှ အနုမော ဒနာ တရားနာယူပြီး လှူ ဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာ သနံစိရံ တိဠတု သုံးကြိမ်ရွတ်ဆို ဘုရား ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ကြပြီး ဆရာတော် ၊ သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment