မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာသစ်ကျေးရွာနေ ကလေးငယ်များအား ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ် အပိုဆောင်းတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာသစ်ကျေးရွာနေ ကလေးငယ်များအား ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ် အပိုဆောင်းတိုက်ကျွေး

 



MNP - နိုဝင်ဘာ  ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး  အပိုဆောင်း တိုက်ကျွေးခြင်းကို ဆိုင်းဖယ်ရွာသစ်ကျေးရွာတွင် အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက (ပထမ)အကြိမ် တိုက်ကျွေးပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ ဆက်လက် တိုက်ကျွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မိုးနဲမြို့ ဆိုင်းဖယ်ရွာသစ်ကျေးရွာတွင် လတ်တလောပျော့ခွေအကြောသေရောဂါ သံသရ လူနာတစ်ဦးကို အောက်တိုဘာလ က တွေ့ရှိခဲ့မှု‌ကြောင့် Outbreak Response Immunization ORI ဆေးကို အဆိုပါကျေးရွာရှိ အသက် ၁၅ နှစ် အောက်ကလေး ၃၉၉ ဦးကို ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမှုကို (ဒုတိယ)အကြိမ်အဖြစ် ဆက်လက်တိုက်ကျွေးရခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့် နှစ်ကြိမ်တိုက်ကျွေးပြီး ဖြစ်သည့်အတွက် နောက်ထပ်ကာကွယ်ဆေးများထပ်မံ တိုက်ကျွေးရန်မလိုအပ်တော့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)