ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

 

MNP - နိုဝင်ဘာ   ၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရပ်ရွာအေးချမ်း သာယာရေးအတွက် လုံခြုံရေးအထူးဂရုပြုကြရန်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်သွားရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာရုံးများအနေဖြင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးကင်မရာ တပ်ဆင်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြုံရေးကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။


ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော အကျိုးတူ လယ်ယာစနစ်ဖြင့် နွေစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ချေးငွေများ ထုတ်ချေးပေးမည့် အခြေအနေများ၊ ဆီထွက်သီးနှံနေကြာ သတ်မှတ်လျာထားဧကအတိုင်း စိုက်ပျိုးထုတ်လုပ်မည့် အခြေအနေများ၊ မြို့နယ်အတွင်းရှိ ကျေးရွာမီးလင်းရေးလုပ်ငန်းများ၊ ကျေးရွာချင်းဆက် လမ်းဆောင်ရွက်နေမှုများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)