ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ရိုးရာအထည်အလိပ်ထုတ်လုပ်သည့် ရက်ကန်း လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရက်ကန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ရိုးရာအထည်အလိပ်ထုတ်လုပ်သည့် ရက်ကန်း လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရက်ကန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး



MNP - နိုဝင်ဘာ   ၂


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ရိုးရာအထည် အဆင်ဒီဇိုင်းများရက်လုပ်သည့် ရက်ကန်း လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊  ပြည်နယ် အတွင်းရှိ  ရက်ကန်းလုပ်ငန်းရှင်များနှင့်  ယမန်နေ့ မွန်းလွဲ ၁ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ တွေ့ဆုံဆွေးနွေသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရိုးရာ အထည်ဒီဇိုင်းများဟာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများထိပါ လူကြိုက်များ ကျော်ကြားလှပသော အဆင်ဒီဇိုင်းများ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ရိုးရာ အထည်အလိပ်ဒီဇိုင်းများအား ရက်လုပ်သော ရက်ကန်း ပညာရပ် ယဉ်ကျေးမှုအမွေအနှစ်များ တိမ်ကောပပျောက်သွားခြင်းမရှိ‌ရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူး‌ပေးနိုင်ရန် ရက်ကန်းလုပ်ငန်းရှင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးတွင်တာဝန်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရက်ကန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက ဒေသခံတိုင်းရင်းသား လူငယ်များ ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်နိုင်မှာဖြစ်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်သည်သာမက လူစွမ်း အားအရင်းအမြစ်များလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ထို့ကြောင့် ရပ်ကန်းလုပ်ငန်းများ ရေရှည်ခိုင်မာအား ကောင်းလာစေပြီး ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများအပေါ် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေး ကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စက်မှု ကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးဝမ်း ကျောင်းပညာ သင်တန်းကျောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ် ဦးစီးမှူးများက ပြည်နယ်အတွင်း ရက်ကန်းလုပ်ငန်းများအတွက် SME Member ကတ်များ ခွင့်ပြုထုတ်ပေးထားမှု အခြေအနေများ၊ လုပ်ငန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ချေးငွေရရှိမှု အခြေအနေများ၊ ရက်ကန်း နည်းပညာအခြေခံနှင့်အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြပြီး ရက်ကန်းလုပ်ငန်းရှင်များက ရက်ကန်းနှင့် ရိုးရာအထည်အလိပ် အဆင်ဒီဇိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များ၊ ချေးငွေလိုအပ်ချက်နှင့် ရက်ကန်း နှင့် ရိုးရာအထည်အလိပ် ထုတ်ကုန်ပစ္စည်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်ရရှိရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရက်ကန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေး၊ ရိုးရာအထည်အလိပ်များ ထုတ်လုပ်နိုင်မှု မြင့်မားလာစေရေးအတွက် ဖြည့်ဆည်း ဆောင်ရွက် ပေးရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)