မက်မန်းမြို့၌ အခြေခံပညာအလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အမြှင့်တင်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ အခြေခံပညာအလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အမြှင့်တင်ခြင်း အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ  ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ အခြေခံပညာအလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ခြင်းအခမ်းအနားကို အောင်သံလွင်ကျေးရွာရှိ အခြေခံပညာအလယ်ကျောင်းခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/သူများက “မြန်မာကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်းက ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့(အတွင်းရေးမှူး) ရဲမှူးကျော်ထွန်းနိုင်က စာသင်ကျောင်း အဆင့်မြှင့်တင်ခြင်းအပေါ် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ဆရာ/မများနှင့် ကျေးရွာနေပြည်သူများ၏တာဝန်များ ပိုမိုအရေးကြီးလာပုံများကိုလည်းကောင်း၊ မက်မန်းမြို့နယ်ပညာရေးမှူး ဒေါ်သန်းထွေးခင်က ကျောင်းအဆင့်မြှင့်တင်ခြင်း အဆင့်ဆင့် တိုးတက်လာပုံကို ရှင်းလင်းပြောကြားခဲ့ကြသည်။


ထို့နောက် အောင်သံလွင်ကျေးရွာ အခြေခံအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းလေးက  တာဝန်ရှိသူများထံ အထက်တန်း ကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင်ခြင်း အထိမ်းအမှတ်အလံများကို ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါ အောင်သံလွင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် (၉၀ x ၃၀) ပေ သွပ်မိုး၊ ပျဉ်ကာ ၊ပျဉ်ခင်းဖြင့် ကျေးရွာ ကိုယ်ထူကိုယ်ထကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ၏ ကြိုး ပမ်းဆောင်ရွက်ခဲ့မှုကြောင့်  ကာလတိုအတွင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းရွှေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)