ဥတ္တရသီရိမြို့နယ်တွင် သီးထပ်၊ သီးညှပ် စွမ်းအားတိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်တွင် သီးထပ်၊ သီးညှပ် စွမ်းအားတိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး



MNP - နိုဝင်ဘာ   ၁၁


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးထပ်၊ သီးညှပ်စွမ်းအား တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးစိုးမိုးအောင်၊ မြို့နယ် ဆည်မြောင်းဦးစီးဌာန (တည်ဆောက်ရေး-၅) မှ ဦးစီးအရာရှိ ဦးနိုင်လင်းထွန်းတို့က မင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးအသိပညာပေးခြင်း၊  သီးထပ်၊ သီးညှပ်စွမ်းအားတိုးတက်မြင့်မားရေး၊ ဆောင်းသီးနှံ၊ နွေသီးနှံများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေး၊ သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေးနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်း၊ အသေးစား၊ အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ယခုနှစ် မိုးရေဝင်ရောက်မှု နည်းပါးသဖြင့် ဆည်ရေပေးဝေ နိုင်မှုအကြောင်းအရင်းများ၊ လယ်ယာမြေကို စည်းကမ်းမဲ့ ဆောင်ရွက်ခြင်းမပြုဘဲ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အသုံးချဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ စိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေး စသည်တို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း -ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)