နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်


28


MNP - နိုဝင်ဘာ   ၂၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ (၃) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မှန်ကန်သော မဲစာရင်းရရှိစေရေး၊ မဲစာရင်းပြုစုရေး လုပ်ငန်းများ ပိုမိုမြန်ဆန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပြည့်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးအနေဖြင့် လူဦးရေစာရင်း မြေပြင် ကောက်ယူမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages