လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ



MNP - နိုဝင်ဘာ  ၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို လားရှိုးမြို့ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီ၊ ဆင်းရွှေလီကဇာတ်ရုံ၌ ယမန်နေ့ ညနေ(၆)နာရီ အချိန်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရန်တိုင်းအောင် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်တိုးက လားရှိုးမြို့ တန်ဆောင်တိုင်ပွဲတော်သမိုင်းအား ရှင်းလင်းတင်ပြခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီခဲ့သူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ရန်တိုင်းအောင်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်ကျော်နှင့် Shinning Myanmar Co.,LTD မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်စွာထွဋ်တို့က လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်တောင်တိုင်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ယင်းနောက် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊  မီးပုံးပျံခိုဖြူရုပ်(၃)ရုပ်၊ ဆင်ရုပ် (၂)ရုပ်၊ စိန်နားပန်မီးပုံးပျံ (၂)လုံး၊ ညမီးကြီးမီးပုံပျံ(၂)လုံးလွှတ်တင်ခြင်း၊ နိုင်ငံကျော်အဆိုတော်များက သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် မီးပုံပျံပွဲတော်အား စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)