MNP ၊ နိုဝင်ဘာ ၁၀
မွန်ပြည်နယ် ၊ သထုံခရိုင် ၊ ပေါင်မြို့နယ် အတွင်းရှိ ဌာန အသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကိုအလွယ်တငှားရမ်းဖတ်ရှုနိုင်ပြီးအသိပညာဗဟုသုတများတိုးပွားစေရေးအတွက်ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့နံနက်လွဲပိုင်း၁၀ နာရီအချိန်တွင် မိုဘိုင်းစနစ်ဖြစ် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကိုလိုက်လံဆောင်ရွက်ခဲ့ကြသည်။
မိုဘိုင်းစာကြည့်တိုက်ဆောင်ရွက်ရာတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှဝန်ထမ်းများကပေါင်မြို့နယ်အတွင်းရှိသမဝါယမဦးစီးဌာန ရုံးနှင့် သမအသင်းစုရုံးသို့ သွားရောက်၍ ဝန်ထမ်းများအား သုတ/ရသစာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းပြန်လည်အပ်နှံသည့်စာအုပ်များသိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ပေါင်မြို့နယ် အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်း မရှိသူများအတွက် မိုဘိုင်းစနစ်ဖြစ် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ စဉ်ဆက်မပြတ်အပတ်စဉ် ပုံမှန် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment