မိုင်းယန်းမြို့နယ်မှ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့နယ်မှ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး



MNP - နိုဝင်ဘာ ၂၉ 


ဒေသခံတိုင်းရင်းသားပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ခါးခွေဟွေနားကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း (ဝ/၄)မိုင် လုပ်ငန်းအား နိုဝင်ဘာ ၂၈ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။


အဆိုပါ စိမ့်စမ်းရေသွယ်ယူခြင်း (ဝ/၄) မိုင်လုပ်ငန်းအား ထူးထိပ်တန်းကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်နေမှုအခြေအနေအား မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် အလေးထားဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးဆောင်ရွက်ရန် မှာကြားသည်။


အဆိုပါ သောက်သုံးရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ခါးခွေဟွေနားကျေးရွာရှိ အိမ်ခြေ ၃၂၊ လူဦးရေ ၁၃၆ ဦးခန့် သန့်ရှင်းသောသောက်သုံးရေ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခွန်ရဲထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)