ပိုင်ကျုံမြို့၌ မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် တပိုင်တနိုင် ရှောက်ယိုထိုးခြင်းလုပ်ငန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့၌ မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် တပိုင်တနိုင် ရှောက်ယိုထိုးခြင်းလုပ်ငန်း

 


MNP - နိုဝင်ဘာ  ၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  မိသားစုစားဝတ်နေရေး  အဆင်ပြေစေရေးနှင့် အပိုဝင်ငွေ ရရှိစေရေးအတွက် တပိုင်တနိုင် ရှောက်သီးယိုထိုးခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများနှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများ အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြပြီး ရှောက်သီးပေါ်ချိန်တွင် ရှောက်သီးပေါသည့် ဒေသတစ်ခု ဖြစ်သည်။ ရှောက်သီးပေါ်ချိန်တွင် ရှောက်သီးယိုထိုးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် မိသားစု စားဝတ်နေရေးအတွက်  ပိုမိုအဆင်ပြေစေပြီး  အပိုဝင်ငွေများ   ရရှိစေပါကြောင်း  ရှောက်သီးယိုထိုးသည့် ဒေသခံတစ်ဦးက ပြောသည်။


ရှောက်သီးယိုထိုးရာတွင် အခွံထူပြီး အသားပါးသည့် ရှောက်သီး ၄ လုံး ၊ သကြား ၁ ပိဿာ၊ သင်္ဘောသီး ၁ လုံး၊ ဆားလက်ဖက်ရည် ၁ ဇွန်း လိုအပ်လျက်ရှိပြီး ရှောက်သီးယို ၁ ပိဿာကို ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချရရှိလျက်ရှိကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)