ရသေ့တောင်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကျင်းပ



MNP - နိုဝင်ဘာ   ၁၅


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အ-ထ-က(၁)ကျောင်းတွင် ယနေ့နံနက် (၁၁) နာရီက ကျောင်အစည်းအဝေးခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်တက်ကြွစေရန်နှင့် မိမိနိုင်ငံ၏နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “အမျိုးသားနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့် အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်)ကောလိပ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြသည့်နေ့ဖြစ်ကြောင်း၊ ပထမကျောင်းသား သပိတ်စတင်မှောက်သောနေ့ရက်ကို အမျိုးသားရေးအမှတ်တရအဖြစ် “အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ 


အလားတူ အဆိုပါ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီက မြို့မ အ-ထ-က (၂) ကျောင်းတွင် ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကြည်က အမျိုးသားနေ့နှင့် ပတ်သက်သည့် အသိပညာများကိုလည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်မြမြဝင်းက ဝံသာနုရက္ခတိတရားကို ရှေ့တန်းတင်အကြောင်းနှင့်အဓိပ္ပါယ်တို့ကိုလည်းကောင်း အကျယ်တဝင့် ဟောပြောခဲ့ကြကြောင်းသိရှိရသည်။


သတင်း - ထွန်းလင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)