ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မူကြိုကလေးများအား အာဟာရဒါနကျွေးမွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မူကြိုကလေးများအား အာဟာရဒါနကျွေးမွေး

 

18



MNP - နိုဝင်ဘာ  ၅


ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နေ့လယ် ၂ နာရီအချိန်  ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် မူကြိုကလေးများအား အာဟာရဒါန ကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ပြုလုပ်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မဈေးကြီးအနီး ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ မူကြိုကလေးများအား အာဟာရဒါနများ ကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင်လည်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခြံဝင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် လွန်ဆွဲပွဲ ၊ ထုတ်စီးထိုးပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။


သတင်း - သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages