မြန်အောင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှုတော်မင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှုတော်မင်္ဂလာ အခမ်းအနားကျင်းပ

 




MNP - နိုဝင်ဘာ  ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ (၃၃)ကြိမ် မြောက်စုပေါင်းမဟာဘုံက ထိန်လျာသင်္ကန်းဆက်ကပ်အလှုတော်မင်္ဂလာပွဲကို ယနေ့နံနက် (၉:၃၀)အချိန်က မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် တာဝတိံသာဘုရား ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ အဖွဲ့ဝင် (၂) ဦးမောင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ နယ်မြေခံတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်ငြိမ်းထွန်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးအောင်သူရိန်ထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ကြာနီကန်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ကထိန်လျာသင်္ကန်းနှင့် ဘုန်းတော်ကြီးကျောင်း (၄၁)ကျောင်းကို ထိန်လျာသင်္ကန်းနှင့်အခြံအရံ ပေဒသာပင်များ မဲဖောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ မီးဘေးသင့် ရေတွင်းကုန်းကျောင်းဆရာတော်အား ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းသော အလှူငွေကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြာနီကန်ကျောင်းဆရာထံမှ အလှူမင်္ဂလာအောင်ပွဲ ရေစက်ချ တရားနာကြား၍ လှုဒါန်းမှုအစုစုအားရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့သည်။    


ဆက်လက်၍ မြို့နယ်သံဃနာယကဆရာတော်များနှင့် ပင့်သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြသည်။ မြန်အောင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ (၃၃)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်တွင် ပဒေသာပင် (၄၁)ပင်၊ ပစ္စည်းတန်ဘိုး (၆,၂၃၀,၅၅၀)ကျပ်၊ ငွေသားတန်ဘိုး (၁၄,၇၆၄,၈၅၀)ကျပ်၊ စုစုပေါင်း (၂၀,၉၉၅,၄၀၀)ကျပ် တန်ဘိုးအား လှုဒါန်းခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)