ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်များနှင့် ပျိုးပင်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်များနှင့် ပျိုးပင်များ ပေးအပ်



MNP - နိုဝင်ဘာ   ၁၅


ကချင်ပြည်နယ်အတွင်း သန့်ရှင်းရေးစိမ်းလမ်းစိုပြေသော ကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းဆု (Clean and Green School Award) ချီးမြှင့်နိုင်ရေးအတွက် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသော ကျောင်းများ အကောင်အထည်‌ ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည်  ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများ နှင့်အတူ သွားရောက် ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်နှင့် ပျိုးပင်များ ပေးအပ်ခဲ့သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး၊ သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌‌ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့် အတူ သီတာရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၊ အလယ်ကုန်းရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဧရာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်ကာ ကျောင်းအုပ် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းများ ဖော်ဆောင်နိုင်‌‌ရေးအတွက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ သစ်ပင်ပန်းမာန်များဖြင့် စိမ်းလမ်းစိုပြေရေး ဆောင်ရွက်ထားရှိရမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အဆိုပါကျောင်း (၃)ကျောင်းအတွက်  သပြေဖြူ၊ ပျဉ်းမဖြူ၊ သင်္ဘောတည်၊ ခရေ၊ ကံ့ကော်၊ ဆူးထင်းရှူး၊ ‌တောပိတောက်၊ ကျွန်း၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်‌နှင့် ပန်းအလှပင် (၁၅၀၀)အား ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အဆိုပါ ကျောင်းဝင်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းများ ဖြစ်စေ ရေးအတွက် ကျောင်းအတွင်းအပြင် ပြန်လည်ပြုပြင်မွန်းမံရမည့် လုပ်ငန်းကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး လမ်းညွှန်မှာကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးရုံးသို့ ‌‌‌ရောက်ရှိပြီး မြစ်ကြီးနားမြို့ လေထုအား လေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာ (Haz -Scanner) ဖြင့် တိုင်းတာနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲခန်းအတွင်း ရေအရည်အသွေး၊ မြေအရည်အသွေး ဓာတ်ခွဲတိုင်းတာရေး စက်ကိရိယာများဖြင့် စမ်းသပ်တိုင်းတာနေမှုအား ဆက်လက် ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)