ပေါင်းတည်မြို့နယ်တွင် လူဦးရေစာရင်း၌ လူဦးရေမကျန်ရှိစေရေးအတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်တွင် လူဦးရေစာရင်း၌ လူဦးရေမကျန်ရှိစေရေးအတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်

 


MNP - နိုဝင်ဘာ   ၁၃


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူများအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ကာ အိမ်ထောင်စုစာရင်းနှင့်လူဦးရေစာရင်းတွင် လက်ရှိမြေပြင် လူဦးရေများ မကျန်ရှိစေရေး၊ တိကျမှန်ကန်ရေးအတွက် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ အရောက် မြေပြင်ကွင်းဆင်း၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ နွယ်ချို(၂)ရပ်ကွက်သို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ရာ နိုင်ငံသားစိစစ်ရေးကတ် လိုအပ်သူများ၊ ပျောက်ဆုံးပျက်စီးသူများနှင့် အိမ်ထောင်စု စာရင်း၌ လူဦးရေ အတိုး အလျှော့များကို မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ရပ်ကွက်နေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သူရကြီး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)