ဂွမြို့နယ်တွင် (၂၄)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ လှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် (၂၄)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ လှည့်လည်




MNP ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ကြီးမှူးကျင်းပသော (၂၄)ကြိမ် မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်လှည့် လည်ပွဲကို ယနေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည် ကျင်းပခဲ့သည်။

 (၂၄)ကြိမ် မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စီတန်းလှည့်လည်ရာတွင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင်(၁၉)ပင်နှင့် လှူဖွယ်ဝတ္တုများ၊ သင်္ကန်းများဖြင့်  မြို့ပေါ်(၃)ရပ်ကွက်အတွင်းသို့စည်ကားသိုက်မြိုက်စွာလှည့်လည် ခဲ့ကြသည်။

ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ကပ်လှူပွဲ အခမ်းအနားကို နိုဝင်ဘာ(၂)ရက်နေ့နံနက်(၈)နာရီအချိန်တွင် မြို့မရပ်ကွက်၊ သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကထိန်လျာသင်္ကန်းဆက်ကပ် ရမည့် ဓမ္မသုကောရီကျောင်းသစ်၊ ဇီးခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း အပါအဝင် ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ သံဃာတော်များအား ပင့်ဖိတ် ၍ ဆက်ကပ်လှူဒါန်းသွားမည်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)