လက်ပံတန်းမြို့၌ အထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့၌ အထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပ



MNP - နိုဝင်ဘာ   ၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ယမန်နေ့တွင် ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်လှိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်(၄)ရပ်၊ စံတန်ဖိုး(၆)ရက်၊ လုပ်ငန်းစဉ်(၃)ရပ်၊ ဌာန၏ဆောင်ပုဒ်ဖြစ်သည့် “ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က”ဆိုသည့် အချက်များချမှတ်ပြီး ဌာနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ခေတ်အဆက်ဆက်၏ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များကို ပဓနထားပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရယန္တရား၏ အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်မောင်းနှင်ပေးနေသည့် ဌာနတစ်ခုလည်းဖြစ်ပါကြောင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအဆင့်ဆင့်အား  Video Clip ဖြင့် တင်ဆက်ပြသခဲ့သည်။


ဆက်လက်၍ ဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား (၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အင်္ကျီလက်ဆောင်များထောက်ပံ့ပေးအပ်ခြင်း၊ ဗလာမပါကံစမ်းမဲလက်ဆောင်များ မဲဖောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)