တန်ဆောင်မုန်းလပြည့်နေ့အခါသမယ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့်စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့အခါသမယ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့်စည်ကားလျက်ရှိ

 



MNP - နိုဝင်ဘာ  ၇


တန်ဆောင်မုန်းလပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။


ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဟာ နေ့ထူးနေ့မြတ်၊ ခါကြီးရက်ကြီးတွေမှာ ရပ်ဝေးရပ်နီးက ဘုရားဖူးလာရောက်ကြတဲ့သူတွေနဲ့ အရမ်းစည်ကားပါတယ်။ ဒီနေ့မနက်ဆိုရင် တန်ဆောင်တိုင်ရုံးပိတ်ရက် တန်ဆောင်မုန်းလပြည့်နေ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် မနက်စောကတည်းက ရပ်ဝေးရပ်နီးက ဘုရားဖူးလာတဲ့သူတွေများလို့ အလွန်စည်းကားလျက်ရှိနေပါတယ်။ ဘုရားဖူးလာကြတဲ့ ဧည့်သည်တွေက ဘုရားကြီးကို ဦးခိုက်ဖူးမြော်ကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများကပ်လှူပူဇော်ကြတယ်။ သက်ကြီးဘိုးဘွားတွေကတော့ ဘုရားကြီးကိုဦးခိုက်ဖူးမြော်ကြပြီး ဘုရားရင်ပြင်တော်မှာရှိတဲ့ နားနေပြဿဒ်ဆောင်တွေမှာ တရားဘာဝနာပွားများအားထုတ်ကြတယ်။ တစ်ချို့ဘုရားဖူးဧည့်သည်တွေကတော့ ဘုရားအနီးမှာရှိတဲ့ ငါးကန်မှာ ငါးစာ ၊ လိပ်စာကျွေးမွေးပြီး ကုသိုလ်ယူကြတယ်။ ယခုလို နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဘုရားဖူးပြည်သူတွေကို စိတ်အေးချမ်းစွာနဲ့ ဖူးမြော်နိုင်အောင် ဘုရားဖူးမြော်ခွင့်ကို နံနက် ၆ နာရီကနေ ည ၈ နာရီ အထိ ဖူးမြော်ခွင့်ပြုထားပါတယ်” ဟု အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးမှ ဂေါပအဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိုးက ပြောကြားသည်။


ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ် ၊ ခရစ်နှစ်သက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် စေတီတော်ကြီးဖြစ်ပြီး မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက ရဟန္တာ(၅၀၀)ခြံရံပြီး ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင် ဘုရားကြီးဖြစ်သည့်အတွက် မြန်မာပြည်ရဲ့ သာသနာ့သမိုင်းဝင် ဗုဒ္ဓဂါယာဖြစ်လို့ ယခုလို နေ့ထူးနေ့ မြတ်များတွင် ပြည်တွင်းဘုရားဖူးများက စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြလေ့ရှိကြောင်း သိရသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)